ဤ မိုဘိုင်းသုံး သတင်း ဆော့ဝဲသည်
ပညာရေးမှူးရုံး(ရွှေတောင်)မှ အခါအားလျော်စွာ ထုတ်ပြန်သည့်
ပညာရေးနှင့် ပတ်သက်သော ထုတ်ပြန်စာများ ၊ ကျောင်းများသို့ဖြန့်ဝေသည့်ညွှန်ကြားစာများအား
မြို့နယ်အတွင်းရှိ ဆရာ၊ဆရာမများ အားလုံး အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရည်ရွယ်ပါသည် ။
သတင်းများရယူချိန်တွင် အင်တာနက်လိုင်း ဖွင့်၍ ရယူပြီး
သတင်းရယူမှုပြီးဆုံးပါက အင်တာနက်လိုင်းပိတ်၍ ဖတ်ရှုနိုင်ပါသည် ။
သတင်းရယူသည့်အချိန်တွင် အင်တာနက်လိုင်းမကောင်းပါက သတင်းပါ ပုံများအားချက်ချင်း
မြင်တွေ့ရမည်မဟုတ်ပါ ။
ပုံပေါ်သည့်အထိ အင်တာနက်လိုင်းဖွင့်ထားသင့်ပါသည် ။
0ff line ပြန်လည်ဖတ်ရှုချိန်တွင် ပုံမပေါ်ပါက အင်တာနက်လိုင်း ခဏပြန်ဖွင့်၍ ပုံပေါ်ရန်အပ်ဒိတ်လုပ်သင့်
ပါသည် ။ မြင်တွေ့နေရသော စာမျက်နှာအား လက်ဖြင့်ပွတ်၍ အပေါ်မှ အောက်သို့ဆွဲလိုက်ပြီး အပ်ဒိတ်
လုပ်သင့်ပါသည် ။ဤ နည်းဖြင့် သတင်းအသစ်လည်း ရယူနိုင်ပါသည် ။
မူရင်း Blog သို့ဝင်ရောက်ကြည့်ရှုလိုပါက အင်တာနက်လိုင်းဖွင့်ပြီး အောက်ခြေရှိ Visit website ကို
လက်ဖြင့်ထောက်၍ ဖွင့်လိုက်ပါ ။
No comments:
Post a Comment