တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးးရုံး(ပဲခူး)မှ (၃၀-၃-၂၀၁၅) နေ့စွဲပါစာအမှတ်-စိတ်(၃)/၁၂၄၁/(မဟာဘွဲ့)(၂၀၁၅)ဖြင့်ညွှန်ကြားချက် စာထွက်လာပါသည် ။
၎င်းစာအရ
-၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်တွင်ဖွင့်လှစ်မည့်
မဟာပညာရေးဘွဲ့(၂)နှစ်သင်တန်းအား
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ပညာရေးဘွဲ့ရ ဆရာ၊ဆရာမများအတက် အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည် ။
(က) ပညာရေးဝန်ထမ်းအဖြစ် အနည်းဆုံး(၃)နှစ်တာဝန်ထမ်းဆောင်ပြီးသူများ
(ခ) ပညာရေးဘွဲ့ရရှိပြီး မဟာပညာရေးဘွဲ့သင်တန်းတက်ရောက်ရန်အဆင့်မီသူများ
(ဂ) မဟာဒသန(ပညာရေး)ဘွဲ့ရရှိပြီးသူများ(၀င်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်မလိုပါ)
အထက်ပါသင်တန်းတက်ရောက်လိုသူ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ဆင်း
ဆရာ၊ဆရာမများသည် မြို့နယ်ပညာရေးမှူးရုံး၊ရွှေတောင်သို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်
No comments:
Post a Comment