သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသော ကျောင်းများ နှင့် သက်ဆိုင်သော ညွှန်ကြားချက်အား
တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်လာပါသည် ။
သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရသော အခြေခံပညာသင်ကျောင်းများသည်
အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအဆင့်ဆင့်သို့ သတင်းပေးပို့ကြရန် လိုအပ်ပါသည် ။
ထိုကဲ့သို့တင်ပြရာတွင် -
- ပျက်စီး ဆုံးရှုံးမှု တန်ဖိုးများတွက်ချက် တင်ပြခြင်း
- ဓါတ်ပုံ အထောက်အထားများ တင်ပြခြင်း စသည်တို့အားအချိန်နှင့်
တပြေးညီ ဆောင်ရွက်ကြရန် အခြေခံပညာသင်ကျောင်းများသို့ အကြောင်းကြားပါသည် ။
( နွေရာသီ ကျောင်းရက်ရှည်ပိတ်ရက်တွင် အချိန်မီ ဆောင်ရွက်ရန် လိုအပ်သည့် ညွှန်ကြားစာများ ၊ သိရှိလိုက်နာရန်လိုအပ်သည့်
ညွှန်ကြားစာများ အား အခြေခံပညာသင်ကျောင်းများသို့ ဖြန့်ဝေသော်လည်း ကျောင်းရက်ရှည် ပိတ်ထားသည့်ကာလဖြစ်နေပါသ
ဖြင့် နောင့်နှေးကြန့်ကြာခြင်းများ ရှိနေပါသည် ။ သို့ပါ၍ ဤသတင်း blog မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။ မရှင်းလင်းသည့်
ကိစ္စများ ၊ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ဤ ရုံးရှိ သက်ဆိုင်ရာ လိုင်းတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်သွားကြ
ပါရန် ပညာရေးဝန်ထမ်းများအားလုံးသို့ တိုက်တွန်းအပ်ပါသည် )
No comments:
Post a Comment