Friday, April 10, 2015

ဘာသာရပ်ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းဆရာ မှတ်ပုံတင်ရန်

 ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မှတ်ပုံတင်ထားကြသော ဘာသာရပ်ကိုယ်ပိုင်သင်တန်း(ကျူ ရှင်ကျောင်း)များသည်
(၃၁-၃-၂၀၁၄)ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပါသည် ။
သို့ပါ၍  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဘာသာရပ်ကိုယ်ပိုင်သင်တန်းဖွင့်လှစ်လိုသူများသည် 
(၃၀-၅-၂၀၁၅) နောက်ဆုံးထား၍ ဤမြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်
ယခင်နှစ် ခွင့်ပြု မိန့်ရထားသော ကျောင်းများသည်လည်း ပြန်လည်တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် ။

ဘာသာရပ်ကိုယ်ပိုင်သင်တန်းကျောင်းများသည် ဖွင့်လှစ်ခွင့်တောင်းခံသည့်အချိန် မှ စ၍ သက်တန်းကုန်ဆုံးသည့်အချိန်
ထိ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများအား မြို့နယ်ဘာသာရပ်ကိုယ်ပိုင်သင်တန်းကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်မည်
ဖြစ်ပြီး ၄င်းစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ပါမည်ဟု ၀န်ခံချက်ပေးနိုင်သူများကိုသာ ဖွင့်လှစ်ခွင့်တင်ပြခြင်းအား
လက်ခံ၍ ဖွင့်လှစ်ခွင့်အား စည်းဝေးဆုံးဖြတ်မည်ဖြစ်ပါသည် ။ ၀န်ခံချက်ပေးထားသော်လည်း ၀န်ခံချက်အားဖေါက်ဖျက်မှု
များရှိလာပါက ချက်ချင်း ၄င်းဘာသာရပ်ကိုယ်ပိုင်သင်တန်းကျောင်းအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည် ။

(  နွေရာသီ ကျောင်းရက်ရှည်ပိတ်ရက်တွင် အချိန်မီ ဆောင်ရွက်ရန် လိုအပ်သည့် ညွှန်ကြားစာများ ၊ သိရှိလိုက်နာရန်လိုအပ်သည့်
   ညွှန်ကြားစာများ အား အခြေခံပညာသင်ကျောင်းများသို့ ဖြန့်ဝေသော်လည်း ကျောင်းရက်ရှည် ပိတ်ထားသည့်ကာလဖြစ်နေပါသ
   ဖြင့် နောင့်နှေးကြန့်ကြာခြင်းများ ရှိနေပါသည် ။ သို့ပါ၍ ဤသတင်း blog မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။ မရှင်းလင်းသည့်
   ကိစ္စများ ၊ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ဤ ရုံးရှိ သက်ဆိုင်ရာ လိုင်းတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်သွားကြ
   ပါရန် ပညာရေးဝန်ထမ်းများအားလုံးသို့ တိုက်တွန်းအပ်ပါသည် )

No comments:

Post a Comment