Friday, April 3, 2015

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း



၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူကို မြို့နယ်အနေဖြင့် တိုင်း/ခရိုင်၏ညွှန်ကြား
ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

ယခုအခါ (၂-၄-၂၀၁၅) နေ့ထုတ် ကြေးမုံသတင်းစာ မှ  သင်တန်းသားခေါ်ယူသည့်စာအားအများသိ
ရှိနိုင်ရန် တင်ပြလိုက်ပါသည် ။

The Mirror Daily
၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ
 နေပြည်တော် ဧပြီ ၂

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (၂/၁၅) ဖွင့်လှစ်မည် ဖြစ်၍ တက်ရောက်လိုသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

သင်တန်းဝင်ခွင့် လျှောက်ထားသူ သည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။
 လျှောက်ထား သူနှင့် မိဘနှစ်ဦးလုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
 ပြင်ပဘွဲ့ရများအတွက် အသက် (၃ဝ)နှစ်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် အနည်းဆုံး နှစ်နှစ်တာဝန်ထမ်း ဆောင်ခဲ့ပြီး အသက် (၃၅)နှစ်ထက်မကြီးသူဖြစ်ရန်နှင့်သက်ဆိုင်ရာ
ဌာန၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။
ဝန်ထမ်းများမှာ လစာမဲ့ခွင့်ဖြင့် သင်တန်းတက်ရမည်။ သက်ဆိုင်ရာ ခရိုင်များတွင် ရေးဖြေဖြေဆိုရမည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၂/၁၅)ကို ၂ဝ၁၅ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် 
(၂/၁၅) အတွက် လျှောက်ထားသူ များသည် ဝင်ခွင့်ရေးဖြေနှင့် လူတွေ့ နှုတ်ဖြေကို   ဖြေဆိုကြ ရမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲကို ၂ဝ၁၅ ခုနှစ် မေ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး (အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတ) ဖြေဆိုရမည်။

ရွေးချယ်ခံရသူများ စာရင်းကို မြို့နယ်ရုံးများ၊ ခရိုင်နှင့်တိုင်းဒေသ ကြီး/ပြည်နယ် ပညာရေးညွှန်ကြား ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာ မည်။
သတ်မှတ်ထားသည့် အချက် အလက်များကို တိကျပြည့်စုံစွာရေးသားဖော်ပြထားခြင်း မရှိသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြထားသော လျှောက်လွှာ များနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရ သည်။

လျှောက်လွှာနှင့်အတူ တက္ကသိုလ် ဝင် စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်၊
 နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ကျန်းမာ ကြောင်း ထောက်ခံစာမိတ္တူတို့ကို ပူးတွဲတင်ပြရမည်။

လျှောက်ထားသူများသည် လျှောက် လွှာကို ၂ဝ၁၅ ခုနှစ် ဧပြီ ၂ ရက်မှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးများသို့ တင်ပြလျှောက်ထားရမည်။ ပညာရေး ဝန်ကြီးဌာန(သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားမှုမပြုရ။
လူတွေ့စစ်ဆေးရန် လာရောက် သည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ (မူရင်း)၊ ဘွဲ့လက်မှတ်(မူရင်း)၊ နိုင်ငံသား စိစစ်ရေးကတ်ပြား(မူရင်း) နှင့် ကျန်းမာကြောင်း ထောက်ခံစာ(မူရင်း)တို့ကို ယူဆောင်လာရမည်။ ဆရာ တစ်ဦးတွင် ရှိသင့်၊ ရှိထိုက်သည့် သွင်ပြင်လက္ခဏာအင်္ဂါရပ်နှင့် ကျန်းမာ ရေးအခြေအနေတို့ကို လူတွေ့ စစ်ဆေးမည်ဖြစ်သည်။
လျှောက်ထားသူသည် သတ်မှတ် ထားသော သင်တန်းဝင်ခွင့်လျှောက် လွှာပုံစံအတိုင်း ကိုယ်တိုင်ရေးသား ဖြည့်သွင်းကာ ခြောက်လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ (မျက်မှန်တပ်သူဖြစ်ပါက မျက်မှန်နှင့် တစ်ပုံ၊ မျက်မှန်မပါတစ်ပုံ)ကို ကပ်၍တင်ပြရမည့် အထောက် အထားများ ပူးတွဲလျက် ၂ဝ၁၅ ခုနှစ် ဧပြီ ၉ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

(သတင်းစဉ်)


 

No comments:

Post a Comment