Wednesday, April 29, 2015

မြို့နယ်ပညာရေးဌာနမှ ပင်စင်ယူမည့်သူများအမည်စာရင်း

မြို့နယ်ပညာရေးဌာနမှ ပင်စင်ယူမည့်သူများအမည်စာရင်းအား
ယနေ့ မြို့နယ်ပညာရေးမှူးးရုံး ကြေငြာသင်ပုန်းတွင်
ကြေငြာထားသည်ကို အောက်ပါအတိုင်းတွေ့ရှိရပါသည် ။
 

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်တန်း(PPTT) ခုံအမှတ်နှင့်စာစစ်ဌာန

လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်တန်း ( PPTT) အမှတ်စဉ် (၂ / ၁၅ )

လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲ ဖြေဆိုရမည့်
ခုံအမှတ်နှင့် စာစစ်ဌာနများအား ယနေ့ ထုတ်ပြန်လာပါသည် ။

ခုံအမှတ်များအား မြို့နယ်ပညာရေးမှူးရုံးတွင် ကြေငြာထားရှိပါသည် ။
စာစစ်ဌာနများမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။





Tuesday, April 28, 2015

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်း

အထက်ဖော်ပြပါသင်တန်းအတွက်
ဆရာကြီး၊ဆရာမကြီး(၂၆)ဦးသည် ပြည်မြို့ပညာရေးကောလိပ်တွင်
ဖွင့်လှစ်ပို့ချနေသော နည်းပြသင်တန်းသို့တက်ရောက်နေရာ
နည်းပြသင်တန်းအား
(၂၂-၄-၂၀၁၅)မှ (၂၆-၄-၂၀၁၅)အစား
(၂၂-၄-၂၀၁၅)မှ (၃၀-၄-၂၀၁၅)ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည် ။

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ အထူးသင်တန်းအား
ရွှေတောင်မြို့နယ်တွင်အောက်ပါအတိုင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည် ။

သင်တန်းကာလ               (၄-၅-၂၀၁၅ )ရက်နေ့စတင်၍ ရက်ပေါင်း (၃၀)တိတိဖွင့်လှစ်မည်ဖြစ်ပါသည်
သင်တန်းနေရာ                အထက(ရွှေတောင်)
သင်တန်းသား/သူ             သင်တန်းသို့ ဘွဲ့ရ ဆွဲခန့် မူလတန်းပြ ဆရာ၊ဆရာမများအားလုံးတက်ရောက်ရ
                                    မည်ဖြစ်ပါသည် ။
                                    သင်တန်းသား၊သင်တန်းသူ ကျား(၃၁)ဦး၊မ(၁၉၂)ဦး၊ပေါင်း(၂၂၃)ဦးအား 
                                    စာသင်ခန်း  (၅)ခန်းခွဲ၍ပို့ချမည်ဖြစ်ပါသည်
                                   သင်တန်းတက်ရောက်မည့်
                                    ဆရာများ သည် အထကခွဲ(ကြာနီကန်)တွင် တည်းခိုနေထိုင်ရန်စီစဉ်ထားပြီး
                                    ဆရာမသည် အထက(ရွှေတောင်)တွင် တည်းခိုရန် စီစဉ်ထားပါသည်။


Sunday, April 26, 2015

ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာသင်တန်း

၂၀၁၅ခုနှစ် ၊ ရုံးဝန်ထမ်းများ ရုံးလုပ်ငန်းဆိုင်ရာသင်တန်းအား

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပြည်မြို့ ခရိုင်ပညာရေးမှူးတွင်
(၂၅-၄-၂၀၁၅ ) ရက်နေ့မှ (၂၆-၄-၂၀၁၅ ) ရက်နေ့အထိ ဖွင့်လှစ်ခဲ့၍
(၂၆-၄-၂၀၁၅ )ရက်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပါသည် ။
အထက်ပါ သင်တန်းသို့ ပြည်ခရိုင်(၆)မြို့နယ်
စာရေးဝန်ထမ်းများ ၊ ရုံးအကူဝန်ထမ်းများ ၊ ညစောင့် သန့်ရှင်းအားလုံး
တက်ရောက်ခဲ့ပါသည် ။
ရွှေတောင်မြို့နယ် ၊ မြို့နယ်ပညာရေးမှူးရုံးမှ
စာရေးဝန်ထမ်း  (၅)ဦး
ရုံးအကူ (၃)ဦး
ညစောင့် (၃)ဦး
သန့်ရှင်း(၁)ဦး တက်ရောက်ခဲ့ပါသည် ။
သင်တန်းဆင်းပွဲတွင် ကျွမ်းကျင်မှုအရ ဆုများချီးမြှင့်ခဲ့ရာ

'' ပတမဆု ''  အား ရွှေတောင်မြို့နယ် ၊ မြို့နယ်ပညာရေးမှူးရုံးမှ စာရေးဝန်ထမ်းအဆင့်(၁) ဒေါ်လှို င်းအိခိုင်မှ ရရှိခဲ့ပြီး

'' တတိယဆု '' အား  ရွှေတောင်မြို့နယ် ၊ မြို့နယ်ပညာရေးမှူးရုံး မှ ရုံးအကူ  ဒေါ်ရွှေဝတ်ရည်ဝင်း မှ

ရရှိခဲ့ပါသည် ။
                                ပထဆု ရရှိသူ ဒေါ်လှို င်းအိခိုင်နှင့် တတိယဆု ရရှိသူ ဒေါ်ရွှေဝတ်ရည်ဝင်း




န၀မတန်းပြင်ပဖြေအချိန်စာရင်း

ယနေ့
ပြည်ခရိုင်ပညာရေးမှူးရုံး ၊ ပြည်မြို့မှ
၂၀၁၅ခုနှစ် ၊ န၀မတန်းကျောင်းတွင်းစစ်(ပြင်ပဖြေ) စာမေးပွဲ
အချိန်စာရင်းအား ထုတ်ပြန်ခဲ့ပါသည် ။
ရွှေတောင်မြို့နယ်မှ
န၀မတန်း ပြင်ပဖြေစာမေးပွဲတွင်
အတွဲ(၇) (၁)ဦးနှင့် အတွဲ(၁) (၈)ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပါသည် ။

စာမေးပွဲအချိန်စာရင်း


Wednesday, April 22, 2015

မူလတန်းအခြေပြု ဆရာအတတ်သင်တန်း

၂၀၁၅-၂၀၁၆ ပညာသင်နှစ်
နွေရာသီ မူလတန်းဆရာအတတ်သင်-သင်တန်းများအား
တိုင်းပညာ နှင့် ခရိုင်ပညာ ၏ ညွှန်ကြားချက်များဖြင့်
 ရွှေတောင်မြို့နယ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပါသည် ။

ရွှေတောင်မြို့နယ်မှ သင်တန်းနည်းပြ (၂၆)အား
ပြည်ပညာရေးကောလိပ်တွင် နည်းပြသင်တန်းတက်ရောက်ရန်
(၂၂-၄-၂၀၁၅)မှ (၂၆-၄-၂၀၁၅)အထိ စေလွှတ်ထားပြီးဖြစ်ပါသည် ။

နေ့စားလပေး မူလတန်းပြများ
နေ့စားလပေး အောက်ခြေ၀န်ထမ်းများ တက်ရောက်ရမည်ဖြစ်ပြီး
သင်တန်းအား ၂၀၁၅ခုနှစ် ၊ မေလပထမပတ်အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ပါသည် ။

စတုတ္ထတန်း D အဆင့်ရရှိသူနှင့် အဌမတန်း D အဆင့်ရရှိသူများ

၂၀၁၅-၂၀၁၆ ပညာသင်နှစ်

၂၀၁၅-၂၀၁၆ ပညာသင်နှစ်အခြေခံပညာမူလတန်းဆင့် စတုတ္ထတန်းနှင့်
အခြေခံပညာအလယ်တန်းဆင့် အဌမတန်း စာမေးပွဲတွင် D အဆင့်ရရှိ
သူများအား -
( ၂၂-၄-၂၀၁၅ )မှ (၁၃-၅-၂၀၁၅) ပြန်လည်ကုစားသင်ကြားခြင်းများပြုလုပ်၍
စာမေးပွဲအား အောက်ပါအချိန်ဇယားအတိုင်း စစ်ဆေးသွားမည်ဖြစ်ပါသည် ။
ပြန်လည်ကုစားစစ်ဆေးခြင်း စာမေးပွဲအား
အခြေခံပညာမူလတန်းဆင့် စတုတ္ထတန်းအတွက် စာစစ်ဌာန  (၉) ခုနှင့်
အခြေခံပညာအလယ်တန်းဆင့် အဌမတန်းအတွက် စာစစ်ဌာန (၄) ခု ဖွင့်လှစ်
စစ်ဆေးသွားမည်ဖြစ်ပါသည် ။


စတုတ္ထတန်း နှင့် အဌမတန်းစာမေးပွဲ

၂၀၁၅-၂၀၁၆ ပညာသင်နှစ်
အခြေခံပညာမူလတန်းဆင့် စတုတ္ထတန်း အောင်စာရင်းနှင့်
အခြေခံပညာအလယ်တန်းဆင့် အဌမတန်း စာမေးပွဲများအား (၁၈-၄-၂၀၁၅)ရက်နေ့တွင်
ရွှေတောင်မြို့နယ် အတွင်းရှိ စတုတ္ထတန်း စာစစ်ဌာန (၂၈)ခုတွင်လည်းကောင်း
အဌမတန်းစာစစ်ဌာန (၁၄) ခုတွင်းလည်းကောင်း ထုတ်ပြန်ကြေငြာခဲ့ပါသည် ။

စတုတ္ထတန်း အောင်ချက်

(၁)   စာရင်းရှိ                     =  ၁၆၆၃
(၂)   ဖြေဆို                        =  ၁၆၄၂
(၃)   အောင်မြင်                   =  ၁၄၆၁
(၄)   အောင်ချက်                  =  ၈၈.၉၈ %

အဌမတန်း အောင်ချက်

(၁)   စာရင်းရှိ                     =   ၁၁၇၈
(၂)   ဖြေဆို                        =  ၁၁၆၂
(၃)   အောင်မြင်                   =    ၇၈၉
(၄)   အောင်ချက်                  =   ၆၇.၉၀ %

စတုတ္ထတန်း D အဆင့်ရရသူများ

(၁)   မြန်မာစာ                  =  ၆၈
(၂)   အင်္ဂလိပ်စာ                = ၁၁၅
(၃)   သင်္ချာ                       = ၉၅
(၄)   အခြေခံသိပ္ပံ               = ၈၅
(၅)   လူမှုရေး                    = ၇၇

အဌမတန်း D အဆင့်ရရသူများ

(၁)   မြန်မာစာ                  =  ၂၃
(၂)   အင်္ဂလိပ်စာ                = ၂၇၁
(၃)   သင်္ချာ                       =  ၁၇၅
(၄)   ပထ၀ီ                       =  ၈၁
(၅)   သမိုင်း                      =  ၁၆၀
(၆)   သိပ္ပံ                         =   ၇၈

စတုတ္ထတန်း နှင့် အဌမတန်း  D အဆင့်ရရှိသူများအား (၂၂-၅-၂၀၁၅)ရက်နေ့မှ (၁၃-၅-၂၀၁၅)ရက်နေ့အထိ
ပြန်လည်ကုစား သင်ကြားခြင်းများပြုလုပ်သွားမည်ဖြစ်ပါသည် ။
ပြန်လည်ကုစားသင်ကြားခြင်းပြီးပါက (၁၄-၅-၂၀၁၅)(၁၅-၅-၂၀၁၅)(၁၆-၅-၂၀၁၅)ရက်နေ့များတွင်
ပြန်လည်ကုစားစာမေးပွဲများကျင်းပသွားမည်ဖြစ်ပါသည် ။

Tuesday, April 21, 2015

ပညာရေးကောလိပ်( PPTT )

ပညာရေးကောလိပ် (PPTT) သင်တန်းအား လျှောက်လွှာခေါ်ယူခဲ့ပါသည် ။
ထိုသို့ လျှောက်လွှာခေါ်ယူရာတွင် -
ဝိဇ္ဇာဘွဲ့ရ (ပြင်ပ) လျှောက်ထားသူ        (  ၂၂၅ ) ဦး
ဝိဇ္ဇာဘွဲ့ရ (၀န်ထမ်း) လျှောက်ထားသူ    (    ၁၂ ) ဦး
သိပ္ပံ ဘွဲ့ရ ( ပြင်ပ )လျှောက်ထားသူ      ( ၁၄၈ ) ဦး
သိပ္ပံဘွဲ့ရ (၀န်ထမ်း) လျှောက်ထားသူ    (      ၃ ) ဦး
 ရွှေတောင်မြို့နယ် စုစုပေါင်း                ( ၃၈၈ ) ဦးလျှောက်ထားခဲ့ပါသည် ။
        အသက်သတ်မှတ်ချက်အား ပထမညွှန်ကြားချက်တွင် (၃၀-၆-၂၀၁၅) ရက်နေ့အထိ ပြင်ပ (၃၀)နှစ်၊၀န်ထမ်း(၃၅)နှစ်
သတ်မှတ်ခဲ့သော်လည်း အသက်သတ်မှတ်ချက်အား (၃၁-၅-၂၀၁၅)ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည် ။
       လျှောက်ထားလာကြသူများအနက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်တင်ပြနိုင်ခြင်းမရှိသူ -
ဝိဇ္ဇာတွဲ(ပြင်ပ)    ( ၈ ) ဦး ၊ သိပ္ပံတွဲ(ပြင်ပ)    (၆) ဦး နှင့် ၀န်ထမ်း ၀ိဇ္ဇာတွဲ (၁) ဦး စုစုပေါင်း (၁၅)ဦးအား
လျှောက်လွှာပယ်ဖျက် ခဲ့ပါသည် ။
       လျှောက်ထားသူများသည် (၅-၅-၂၀၁၅)တွင် ရေးဖြေ -ဖြေဆိုရမည်ဖြစ်ပြီး
ခုံအမှတ်များအား ကြေငြာပေးမည်ဖြစ်ပါသည် ။
ရေးဖြေ-ဖြေရမည့်ရက်နှင့်နူတ်ဖြေ-ဖြေရမည့်ရက်များ အပြောင်းအလဲရှိပါက ကြေငြာပေးမည်ဖြစ်ပါသည်

Saturday, April 11, 2015

ပညာသင်ဆု

၂၀၁၅ ခုနှစ် အလယ်တန်းပညာသင်ဆုနှင့်
၂၀၁၅ ခုနှစ် အထက်တန်းပညာသင်ဆု ရရှိသူများစာရင်း



Friday, April 10, 2015

PGDMA ရွေးချယ်ခံရသူစာရင်း


၂၀၁၅-၂၀၁၆ ပညာသင်နှစ် မာလ်တီမီဒီယာ အတတ်ပညာဘွဲ့လွန်ဒီပလိုမာ(ပညာရေး)သင်တန်းအမှတ်စဉ်(၁၆)
သို့ တက်ရောက်ခွင့်ရွေးချယ်ခံ ရသူများစာရင်းအား ထုတ်ပြန်လာပါသည် ။
ပဲခူးတိုင်းဒေသကြီး(အနောက်) ရွေးချယ်ခံရသူ (၆)ဦးအနက် ရွှေတောင်မြို့နယ်မှ (၁)ဦးပါဝင်သည် ။

(၁)    အမည်                    - မကေကေခိုင်
(၂)    မှတ်ပုံတင်အမှတ်       - ၇/ရတန(နိုင်)၁၁၉၈၈၃
(၃)    အဘအမည်             - ဦးသောင်းနိုင်
(၄)    လိပ်စာ                   - ဆိတ်ကြီးအုပ်စု ၊ ကညမ်းရွာ ၊ ရွှေတောင်မြို့နယ်
(၅)    တက်ရောက်ရမည့်တက္ကသိုလ်  - ရန်ကုန်ပညာရေးတက္ကသိုလ်

         တက်ရောက်ခွင့်ရရှိသူများသည် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် သတင်းပေးပို့ တက်ရောက်နိုင်ပြီးဖြစ်ပါသည် ။

Placement Test ဖြေဆိုရန် လျှောက်လွှာခေါ်ယူခြင်း

နိုင်ငံတကာကျောင်းများနှင့် နိုင်ငံတကာ သင်ရိုးဖြင့် သင်ကြားသော ပြည်တွင်း ပုဂ္ဂလိကကျောင်းများ  မှ
ပညာရေးဝန်ကြီးဌာနအောက်ရှိ အခြေခံပညာသင်ကျောင်းများနှင့် ၀န်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများတွင်
ပြောင်းရွေ့ပညာသင်ကြားလိုသူများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာခေါ်ယူပါသည် ။

စိတ်ဝင်စားသူများသည် ဤမြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်နိုင်ပါသည် ။

ပညာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်သော ညွှန်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။


ဘာသာရပ်ကိုယ်ပိုင်သင်တန်းနှင့် သင်တန်းဆရာ မှတ်ပုံတင်ရန်

 ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မှတ်ပုံတင်ထားကြသော ဘာသာရပ်ကိုယ်ပိုင်သင်တန်း(ကျူ ရှင်ကျောင်း)များသည်
(၃၁-၃-၂၀၁၄)ရက်နေ့တွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ပါသည် ။
သို့ပါ၍  ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဘာသာရပ်ကိုယ်ပိုင်သင်တန်းဖွင့်လှစ်လိုသူများသည် 
(၃၀-၅-၂၀၁၅) နောက်ဆုံးထား၍ ဤမြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်
ယခင်နှစ် ခွင့်ပြု မိန့်ရထားသော ကျောင်းများသည်လည်း ပြန်လည်တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် ။

ဘာသာရပ်ကိုယ်ပိုင်သင်တန်းကျောင်းများသည် ဖွင့်လှစ်ခွင့်တောင်းခံသည့်အချိန် မှ စ၍ သက်တန်းကုန်ဆုံးသည့်အချိန်
ထိ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများအား မြို့နယ်ဘာသာရပ်ကိုယ်ပိုင်သင်တန်းကြီးကြပ်ရေးအဖွဲ့မှ ထုတ်ပြန်မည်
ဖြစ်ပြီး ၄င်းစည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ပါမည်ဟု ၀န်ခံချက်ပေးနိုင်သူများကိုသာ ဖွင့်လှစ်ခွင့်တင်ပြခြင်းအား
လက်ခံ၍ ဖွင့်လှစ်ခွင့်အား စည်းဝေးဆုံးဖြတ်မည်ဖြစ်ပါသည် ။ ၀န်ခံချက်ပေးထားသော်လည်း ၀န်ခံချက်အားဖေါက်ဖျက်မှု
များရှိလာပါက ချက်ချင်း ၄င်းဘာသာရပ်ကိုယ်ပိုင်သင်တန်းကျောင်းအား ပိတ်သိမ်းသွားမည်ဖြစ်ပါသည် ။

(  နွေရာသီ ကျောင်းရက်ရှည်ပိတ်ရက်တွင် အချိန်မီ ဆောင်ရွက်ရန် လိုအပ်သည့် ညွှန်ကြားစာများ ၊ သိရှိလိုက်နာရန်လိုအပ်သည့်
   ညွှန်ကြားစာများ အား အခြေခံပညာသင်ကျောင်းများသို့ ဖြန့်ဝေသော်လည်း ကျောင်းရက်ရှည် ပိတ်ထားသည့်ကာလဖြစ်နေပါသ
   ဖြင့် နောင့်နှေးကြန့်ကြာခြင်းများ ရှိနေပါသည် ။ သို့ပါ၍ ဤသတင်း blog မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။ မရှင်းလင်းသည့်
   ကိစ္စများ ၊ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ဤ ရုံးရှိ သက်ဆိုင်ရာ လိုင်းတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်သွားကြ
   ပါရန် ပညာရေးဝန်ထမ်းများအားလုံးသို့ တိုက်တွန်းအပ်ပါသည် )

သဘာဝဘေးအန္တရာယ်

သဘာဝဘေးအန္တရာယ်ကြုံတွေ့ရသော ကျောင်းများ  နှင့် သက်ဆိုင်သော ညွှန်ကြားချက်အား
တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးရုံးမှ ထုတ်ပြန်လာပါသည် ။

သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရသော အခြေခံပညာသင်ကျောင်းများသည်
အချိန်နှင့် တပြေးညီ သက်ဆိုင်ရာအဆင့်ဆင့်သို့ သတင်းပေးပို့ကြရန် လိုအပ်ပါသည် ။
ထိုကဲ့သို့တင်ပြရာတွင် -
                            -  ပျက်စီး ဆုံးရှုံးမှု တန်ဖိုးများတွက်ချက် တင်ပြခြင်း
                            -  ဓါတ်ပုံ အထောက်အထားများ တင်ပြခြင်း စသည်တို့အားအချိန်နှင့်
                               တပြေးညီ ဆောင်ရွက်ကြရန် အခြေခံပညာသင်ကျောင်းများသို့ အကြောင်းကြားပါသည် ။

(  နွေရာသီ ကျောင်းရက်ရှည်ပိတ်ရက်တွင် အချိန်မီ ဆောင်ရွက်ရန် လိုအပ်သည့် ညွှန်ကြားစာများ ၊ သိရှိလိုက်နာရန်လိုအပ်သည့်
   ညွှန်ကြားစာများ အား အခြေခံပညာသင်ကျောင်းများသို့ ဖြန့်ဝေသော်လည်း ကျောင်းရက်ရှည် ပိတ်ထားသည့်ကာလဖြစ်နေပါသ
   ဖြင့် နောင့်နှေးကြန့်ကြာခြင်းများ ရှိနေပါသည် ။ သို့ပါ၍ ဤသတင်း blog မှ ဖော်ပြပေးသွားမည်ဖြစ်ပါသည် ။ မရှင်းလင်းသည့်
   ကိစ္စများ ၊ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအား ဤ ရုံးရှိ သက်ဆိုင်ရာ လိုင်းတာဝန်ခံများနှင့် ဆက်သွယ်ဆောင်ရွက်သွားကြ
   ပါရန် ပညာရေးဝန်ထမ်းများအားလုံးသို့ တိုက်တွန်းအပ်ပါသည် )



Friday, April 3, 2015

ပညာရေး(ရွှေတောင်)မှထုတ်ပြန်ကြေငြာချက်များ

ဤ မိုဘိုင်းသုံး သတင်း ဆော့ဝဲသည်
ပညာရေးမှူးရုံး(ရွှေတောင်)မှ အခါအားလျော်စွာ ထုတ်ပြန်သည့်
ပညာရေးနှင့် ပတ်သက်သော ထုတ်ပြန်စာများ ၊ ကျောင်းများသို့ဖြန့်ဝေသည့်ညွှန်ကြားစာများအား
 မြို့နယ်အတွင်းရှိ ဆရာ၊ဆရာမများ အားလုံး အချိန်နှင့် တပြေးညီ သိရှိနိုင်ရန် ရည်ရွယ်ပါသည် ။

သတင်းများရယူချိန်တွင် အင်တာနက်လိုင်း ဖွင့်၍ ရယူပြီး
သတင်းရယူမှုပြီးဆုံးပါက အင်တာနက်လိုင်းပိတ်၍ ဖတ်ရှုနိုင်ပါသည် ။
သတင်းရယူသည့်အချိန်တွင် အင်တာနက်လိုင်းမကောင်းပါက သတင်းပါ ပုံများအားချက်ချင်း
မြင်တွေ့ရမည်မဟုတ်ပါ ။
ပုံပေါ်သည့်အထိ အင်တာနက်လိုင်းဖွင့်ထားသင့်ပါသည် ။
0ff line ပြန်လည်ဖတ်ရှုချိန်တွင် ပုံမပေါ်ပါက အင်တာနက်လိုင်း ခဏပြန်ဖွင့်၍ ပုံပေါ်ရန်အပ်ဒိတ်လုပ်သင့်
ပါသည် ။ မြင်တွေ့နေရသော စာမျက်နှာအား လက်ဖြင့်ပွတ်၍ အပေါ်မှ အောက်သို့ဆွဲလိုက်ပြီး အပ်ဒိတ်
လုပ်သင့်ပါသည် ။ဤ နည်းဖြင့် သတင်းအသစ်လည်း ရယူနိုင်ပါသည် ။

မူရင်း Blog သို့ဝင်ရောက်ကြည့်ရှုလိုပါက အင်တာနက်လိုင်းဖွင့်ပြီး အောက်ခြေရှိ Visit website ကို
လက်ဖြင့်ထောက်၍ ဖွင့်လိုက်ပါ ။


လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း



၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူခြင်း

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူကို မြို့နယ်အနေဖြင့် တိုင်း/ခရိုင်၏ညွှန်ကြား
ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

ယခုအခါ (၂-၄-၂၀၁၅) နေ့ထုတ် ကြေးမုံသတင်းစာ မှ  သင်တန်းသားခေါ်ယူသည့်စာအားအများသိ
ရှိနိုင်ရန် တင်ပြလိုက်ပါသည် ။

The Mirror Daily
၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ
အတတ်ပညာသင်တန်းအတွက် သင်တန်းသားများ ခေါ်ယူ
 နေပြည်တော် ဧပြီ ၂

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ပညာရေးကောလိပ်များတွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်း (PPTT) အမှတ်စဉ် (၂/၁၅) ဖွင့်လှစ်မည် ဖြစ်၍ တက်ရောက်လိုသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

သင်တန်းဝင်ခွင့် လျှောက်ထားသူ သည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။
 လျှောက်ထား သူနှင့် မိဘနှစ်ဦးလုံး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသားဖြစ်ရမည်။
 ပြင်ပဘွဲ့ရများအတွက် အသက် (၃ဝ)နှစ်ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းအဖြစ် လုပ်သက် အနည်းဆုံး နှစ်နှစ်တာဝန်ထမ်း ဆောင်ခဲ့ပြီး အသက် (၃၅)နှစ်ထက်မကြီးသူဖြစ်ရန်နှင့်သက်ဆိုင်ရာ
ဌာန၏ ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။
ဝန်ထမ်းများမှာ လစာမဲ့ခွင့်ဖြင့် သင်တန်းတက်ရမည်။ သက်ဆိုင်ရာ ခရိုင်များတွင် ရေးဖြေဖြေဆိုရမည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် (၂/၁၅)ကို ၂ဝ၁၅ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း အမှတ်စဉ် 
(၂/၁၅) အတွက် လျှောက်ထားသူ များသည် ဝင်ခွင့်ရေးဖြေနှင့် လူတွေ့ နှုတ်ဖြေကို   ဖြေဆိုကြ ရမည်ဖြစ်သည်။ ရေးဖြေစာမေးပွဲကို ၂ဝ၁၅ ခုနှစ် မေ ၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး (အင်္ဂလိပ်စာနှင့် အထွေထွေ ဗဟုသုတ) ဖြေဆိုရမည်။

ရွေးချယ်ခံရသူများ စာရင်းကို မြို့နယ်ရုံးများ၊ ခရိုင်နှင့်တိုင်းဒေသ ကြီး/ပြည်နယ် ပညာရေးညွှန်ကြား ရေးမှူးရုံးများတွင် ထုတ်ပြန်ကြေညာ မည်။
သတ်မှတ်ထားသည့် အချက် အလက်များကို တိကျပြည့်စုံစွာရေးသားဖော်ပြထားခြင်း မရှိသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြထားသော လျှောက်လွှာ များနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ကြောင်း သိရ သည်။

လျှောက်လွှာနှင့်အတူ တက္ကသိုလ် ဝင် စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်၊
 နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ကျန်းမာ ကြောင်း ထောက်ခံစာမိတ္တူတို့ကို ပူးတွဲတင်ပြရမည်။

လျှောက်ထားသူများသည် လျှောက် လွှာကို ၂ဝ၁၅ ခုနှစ် ဧပြီ ၂ ရက်မှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးများသို့ တင်ပြလျှောက်ထားရမည်။ ပညာရေး ဝန်ကြီးဌာန(သို့မဟုတ်) ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားမှုမပြုရ။
လူတွေ့စစ်ဆေးရန် လာရောက် သည့်အခါ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း ထောက်ခံစာ (မူရင်း)၊ ဘွဲ့လက်မှတ်(မူရင်း)၊ နိုင်ငံသား စိစစ်ရေးကတ်ပြား(မူရင်း) နှင့် ကျန်းမာကြောင်း ထောက်ခံစာ(မူရင်း)တို့ကို ယူဆောင်လာရမည်။ ဆရာ တစ်ဦးတွင် ရှိသင့်၊ ရှိထိုက်သည့် သွင်ပြင်လက္ခဏာအင်္ဂါရပ်နှင့် ကျန်းမာ ရေးအခြေအနေတို့ကို လူတွေ့ စစ်ဆေးမည်ဖြစ်သည်။
လျှောက်ထားသူသည် သတ်မှတ် ထားသော သင်တန်းဝင်ခွင့်လျှောက် လွှာပုံစံအတိုင်း ကိုယ်တိုင်ရေးသား ဖြည့်သွင်းကာ ခြောက်လအတွင်း ရိုက်ကူးထားသည့် ပတ်စ်ပို့အရွယ် ဓာတ်ပုံ (မျက်မှန်တပ်သူဖြစ်ပါက မျက်မှန်နှင့် တစ်ပုံ၊ မျက်မှန်မပါတစ်ပုံ)ကို ကပ်၍တင်ပြရမည့် အထောက် အထားများ ပူးတွဲလျက် ၂ဝ၁၅ ခုနှစ် ဧပြီ ၉ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး ရုံးများသို့ လျှောက်ထားနိုင်ကြောင်း သိရသည်။ 

(သတင်းစဉ်)