ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို
( ၅-၁၀-၂၀၁၅)ရက်နေ့တွင် အထက(ရွှေတောင်)ခမ်းမတွင်
ကျင်းပပြုလုပ်ခဲ့ပါသည်
အခမ်းအနားသို့
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်
အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊
NGO များ
မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ
ဆရာ၊ဆရာမများ
ကန့်တော့ခံ ပင်စင်စား သက်ကြီး ဆရာကြီး၊ဆရာမကြီးများ
စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ္မတမှပေးပို့သော ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာဖတ်ကြားခြင်း
ကမ္ဘာ့ဆရာများနေ့သိကောင်းစရာများရှင်းလင်းပြောကြားခြင်း
ဆရာများမှ ဆရာကြီးများအား ဂုဏ်ပြုသီချင်းများဖြင့် ကန့်တော့ခြင်း
သက်ကြီးပင်စင်စားဆရာကြီး၊ဆရာမကြီးများအား ကန့်တော့ခြင်း
ဆုရရှိသူ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူတို့အား ဆုချီးမြှင့်ခြင်း
တက်ရောက်လာသူများအား(ဦးမိုးလေး+ဒေါ်ခင်ဆွေဝင်း တို့၏ဒါန) နေ့လည်စာဖြင့် ဧည့်ခံကျွေး
မွေး၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။
ဂုဏ်ပြုတေးဖြင့် ကန့်တော့ပန်းဆင်
(တက်ရောက်လာသူ များ)
သ၀ဏ်လွှာဖတ်ကြားခြင်း ၊ကမ္ဘာ့ဆရာများသိကောင်းစရာများရှင်းလင်းတင်ပြခြင်း
ဆုများပေးအပ်ချီးမြှင့်ခြင်း
တက်ရောက်လာသူ သက်ကြီးဆရာကြီး၊ဆရာမကြီးများနှင့်
ဆရာကြီး၊ဆရာမကြီးများအားကန့်တော့ခြင်း
နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခြင်း
No comments:
Post a Comment