Thursday, October 8, 2015

ကမ္ဘာ့ဆရာများနေ့

ရွှေတောင်မြို့နယ်တွင်
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို
( ၅-၁၀-၂၀၁၅)ရက်နေ့တွင် အထက(ရွှေတောင်)ခမ်းမတွင်
ကျင်းပပြုလုပ်ခဲ့ပါသည်
အခမ်းအနားသို့
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်
အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊
NGO များ
မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ
ဆရာ၊ဆရာမများ
ကန့်တော့ခံ ပင်စင်စား သက်ကြီး ဆရာကြီး၊ဆရာမကြီးများ
စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ္မတမှပေးပို့သော ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာဖတ်ကြားခြင်း
ကမ္ဘာ့ဆရာများနေ့သိကောင်းစရာများရှင်းလင်းပြောကြားခြင်း
ဆရာများမှ ဆရာကြီးများအား ဂုဏ်ပြုသီချင်းများဖြင့် ကန့်တော့ခြင်း
သက်ကြီးပင်စင်စားဆရာကြီး၊ဆရာမကြီးများအား ကန့်တော့ခြင်း
ဆုရရှိသူ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူတို့အား ဆုချီးမြှင့်ခြင်း
တက်ရောက်လာသူများအား(ဦးမိုးလေး+ဒေါ်ခင်ဆွေဝင်း တို့၏ဒါန) နေ့လည်စာဖြင့် ဧည့်ခံကျွေး
မွေး၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ဂုဏ်ပြုတေးဖြင့် ကန့်တော့ပန်းဆင်



(တက်ရောက်လာသူ များ)


သ၀ဏ်လွှာဖတ်ကြားခြင်း ၊ကမ္ဘာ့ဆရာများသိကောင်းစရာများရှင်းလင်းတင်ပြခြင်း

ဆုများပေးအပ်ချီးမြှင့်ခြင်း




 တက်ရောက်လာသူ သက်ကြီးဆရာကြီး၊ဆရာမကြီးများနှင့်
ဆရာကြီး၊ဆရာမကြီးများအားကန့်တော့ခြင်း

နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခြင်း






























Sunday, September 6, 2015

အောင်စာရင်းများ(၂၀၁၅)

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို
ဖုန်းမှ တဆင့်ကြည့်ရှုနိုင်ရန် တင်ပေးထားပါသည် ။
အထက(ရွှေတောင်) စာစစ်ဌာနနှင့်
အထက(ကျီးသဲ)စာစစ်ဌာနအားခွဲ၍ တင်ထားပေးပါသည်
လိုအပ်သောစာစစ်ဌာနပေါ်တွင် ကလစ်နှိပ်ပြီး ဒေါင်းယူရပါမည်
ဒေါင်းနေစဉ် အင်တာနက်လိုင်း ဖွင့်ထားရန်လိုအပ်ပါသည်
မြန်မာတစ်နိုင်ငံလုံးရှိ အခြားစာစစ်ဌာနများအား အလိုရှိပါက
ဆက်သွယ်နိုင်ပါသည် ။

အထက(ရွှေတောင်)စာစစ်ဌာနအတွက် ဒေါင်းပါ

အထက(ကျီးသဲ)စာစစ်ဌာနအတွက် ဒေါင်းပါ

အထက်ပါဖိုင်များအားဒေါင်း၍ ဖုန်းဖြင့်ဖတ်လိုလျှင် Reader.apk ဖုန်းတွင်
ရှိရန်လိုအပ်ပါသည်

စာစစ်ဌာနအောင်စာရင်းများအား ဒေါင်းမရ၍ ဖုန်းထဲတွင်လဲထည့်ထားလို
ပါလျှင် မြို့နယ်ပညာရေးမှူးရုံး သို့ဆက်သွယ်ပါ ။ထည့်သွင်းပေးပါမည်

Monday, August 31, 2015

ဘွဲ့နှင်းသဘင်းအခမ်းအနား


၂၀၁၃-၂၀၁၄ ပညာသင်နှစ်
၂၀၁၄-၂၀၁၅ ပညာသင်နှစ်
ရန်ကုန်ပညာရေးတက္ကသိုလ် မှ Ph.D , M.Ed , M.Phil , M.A(TEFL) ,
B.Ed(စာပေးစာယူ) , B.Ed (စတုတ္ထနှစ်)အမှတ်စဉ်(၁၅),B.Ed (စတုတ္ထနှစ်)၂၀၁၀အောင်,
PGDMA အမှတ်စဉ်(၁၅) , Dip(ELTM)
သင်တန်းအောင်မြင်သူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်
အသေးစိတ်အစီအစဉ်အား ဤရုံးတွင်လာရောက်ကြည့်ရှုနိုင်ပါသည်။

Monday, July 20, 2015

ဘီအီးဒီသင်တန်း

(၂၁-၇-၂၀၁၅)

ပညာရေးတက္ကသိုလ်များသို့ (ဘီအီးဒီ)စာပေးစာယူ(ပထမနှစ်)နှင့်
(ဒုတိယနှစ်) သင်တန်းတက်ရောက်ခွင့်ရရှိသူများ သိရှိနိုင်ရန်-
စာစဉ်ကိစ္စများ ၊ အကြောင်းကြားစာများ စသည့်သင်တန်းကိစ္စအ၀၀ကို
ယခင်က ကာယကံရှင်များထံ စာတိုက်မှ တိုက်ရိုက်ဆက်သွယ်ခဲ့သော်လည်း
ယခုအခါ စာတိုက်မှတဆင့် ကာယကံရှင်များထံ တိုက်ရိုက်ဆက်သွယ်မည်
မဟုတ်ဘဲ မြို့နယ်ပညာရေးမှူးရုံးမှတဆင့် ဆက်သွယ်မည်ဖြစ်ပါကြောင်း----

ပန်းချီပြိုင်ပွဲ

(၂၁-၇-၂၀၁၅)

International  Echange  Exhibition  of  Children's Art
အထက်ပါ ပန်းချီပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိကျောင်း ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ပါတယ်
သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို အောက်မှာ အသေးစိတ်ဖတ်ရူနိုင်ပါတယ်



စိုက်ပျိုးရေးဒီပလိုမာသင်တန်း

(၂၁-၇-၂၀၁၅)
ပညာရေးဌာနမှ လက်ရှိတာဝန်ထမ်းဆောင်နေသော
ပညာရေးဝန်ထမ်းများ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီလျှင်
စိုက်ပျိုးရေးသိပ္ပံကျောင်းများမှာ ဖွင့်လှစ်မယ့် စိုက်ပျိုးရေးဒီပလိုမာကို လစာပြည့်နဲ့
တက်ရောက်နိုင်ပါကြောင်း
အောက်မှာညွှန်ကြားချက်အသေးစိတ်ဖတ်ရူနိုင်ပါသည်။



Sunday, May 17, 2015

သက်ဝင်လှုပ်ရှားပုံရိပ်လေးများ(၃)

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ
အထူးသင်တန်းအား ( ၄-၅-၂၀၁၅)မှ စတင်ဖွင့်လှစ်ခဲ့ရာ
သင်တန်းကာလအတွင်း
သင်တန်းသား၊သင်တန်းသူများ၏
တက်ကြွလန်းဆန်းသောပုံရိပ်လေးများ   
 ဖြစ်ပါတယ်

စိုက်ပျိုးရေး  သင်ခန်းစာ








သက်ဝင်လှုပ်ရှားပုံရိပ်လေးများ(၂)

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ
အထူးသင်တန်းအား ( ၄-၅-၂၀၁၅)မှ စတင်ဖွင့်လှစ်ခဲ့ရာ
သင်တန်းကာလအတွင်း
သင်တန်းသား၊သင်တန်းသူများ၏
တက်ကြွလန်းဆန်းသောပုံရိပ်လေးများ   
 ဖြစ်ပါတယ်

အိမ်တွင်းမှု နှင့် စက်မှုလက်မှု သင်ခန်းစာ






သက်ဝင်လှုပ်ရှားပုံရိပ်များ(၁)

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာ
အထူးသင်တန်းအား ( ၄-၅-၂၀၁၅)မှ စတင်ဖွင့်လှစ်ခဲ့ရာ
သင်တန်းကာလအတွင်း
သင်တန်းသား၊သင်တန်းသူများ၏
တက်ကြွလန်းဆန်းသောပုံရိပ်လေးများ   
 ဖြစ်ပါတယ်

နံနက်စောစော ကာယ သင်ခန်းစာ





Tuesday, May 12, 2015

စာရေးရာထူးမှ ကွန်ပျူ တာဒီပလိုမာလျှောက်ထားနိုင်သည်

ကျောင်းရုံးများရှိ စာရေးဝန်ထမ်းများ
လုပ်သက်(၃)နှစ်ပြည့်ပြီးပါက
ကွန်ပျူ တာဒီပလိုမာသင်တန်းတက်ရောက်ရန်
လျှောက်ထားနိုင်ပါသည်





Monday, May 11, 2015

အာဆီယံပညာသင်ဆု

၂၀၁၆ခုနှစ် ပညာသင်နှစ်အတွက်
စင်ကာပူနိုင်ငံမှ ကမ်းလှမ်းလာသော အာဆီယံပညာသင်ဆု
လျှောက်ထားကြသော ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများသည်
ပဏာမအဆင့် ရေးဖြေစာမေးပွဲကို ၀င်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း
(၉-၅-၂၀၁၅)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ကြေငြာထားပါသည်
ကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် ။



Sunday, May 3, 2015

မြို့နယ်အခြေပြု မူလတန်းဆရာအတတ်ပညာအထူးသင်တန်း

(၄-၅-၂၀၁၅)

မြို့န်အခြေပြု မူလတန်းဆရာအတတ်ပညာအထူးသင်တန်းအား
အထက(ရွှေတောင်)ခမ်းမဆောင်တွင်
ယနေ့ နံနက်(၈း၀၀)နာရီ ဖွင့်ပွဲပြုလုပ်ခဲ့ပြီး
သင်တန်းသားများအား သင်တန်းများဆက်လက်ပို့ချနေပြီဖြစ်ပါသည် ။