Monday, January 11, 2016

အလုပ် စခေါ်ပြီ

ရွှေတောင်ပညာရေးဌာနမှ လစ်လပ်လျှက်ရှိသော
အောက်ပါ ရာထူး(၄ )မျိုးအား သတ်မှတ်အရည်အချင်း
နှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်
၁  စာရေးအဆင့်(၁)    (၂)ဦး
၂   ကျောင်း/ရုံးစောင့်    (၂)ဦး

အသေးစိတ်သိရှိနိုင်ရန်ညွှန်ကြားချက်တင်ပေးထားပါ
သည်

Thursday, October 8, 2015

ကမ္ဘာ့ဆရာများနေ့

ရွှေတောင်မြို့နယ်တွင်
ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို
( ၅-၁၀-၂၀၁၅)ရက်နေ့တွင် အထက(ရွှေတောင်)ခမ်းမတွင်
ကျင်းပပြုလုပ်ခဲ့ပါသည်
အခမ်းအနားသို့
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၊
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်
အခြား ဌာနဆိုင်ရာတာဝန်ရှိသူများ၊
NGO များ
မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ
ဆရာ၊ဆရာမများ
ကန့်တော့ခံ ပင်စင်စား သက်ကြီး ဆရာကြီး၊ဆရာမကြီးများ
စုံညီစွာတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင်
နိုင်ငံတော်သမ္မတမှပေးပို့သော ကမ္ဘာ့ဆရာများနေ့သ၀ဏ်လွှာဖတ်ကြားခြင်း
ကမ္ဘာ့ဆရာများနေ့သိကောင်းစရာများရှင်းလင်းပြောကြားခြင်း
ဆရာများမှ ဆရာကြီးများအား ဂုဏ်ပြုသီချင်းများဖြင့် ကန့်တော့ခြင်း
သက်ကြီးပင်စင်စားဆရာကြီး၊ဆရာမကြီးများအား ကန့်တော့ခြင်း
ဆုရရှိသူ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူတို့အား ဆုချီးမြှင့်ခြင်း
တက်ရောက်လာသူများအား(ဦးမိုးလေး+ဒေါ်ခင်ဆွေဝင်း တို့၏ဒါန) နေ့လည်စာဖြင့် ဧည့်ခံကျွေး
မွေး၍ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

ဂုဏ်ပြုတေးဖြင့် ကန့်တော့ပန်းဆင်



(တက်ရောက်လာသူ များ)


သ၀ဏ်လွှာဖတ်ကြားခြင်း ၊ကမ္ဘာ့ဆရာများသိကောင်းစရာများရှင်းလင်းတင်ပြခြင်း

ဆုများပေးအပ်ချီးမြှင့်ခြင်း




 တက်ရောက်လာသူ သက်ကြီးဆရာကြီး၊ဆရာမကြီးများနှင့်
ဆရာကြီး၊ဆရာမကြီးများအားကန့်တော့ခြင်း

နေ့လည်စာဖြင့်ကျွေးမွေးဧည့်ခံခြင်း






























Sunday, September 6, 2015

အောင်စာရင်းများ(၂၀၁၅)

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို
ဖုန်းမှ တဆင့်ကြည့်ရှုနိုင်ရန် တင်ပေးထားပါသည် ။
အထက(ရွှေတောင်) စာစစ်ဌာနနှင့်
အထက(ကျီးသဲ)စာစစ်ဌာနအားခွဲ၍ တင်ထားပေးပါသည်
လိုအပ်သောစာစစ်ဌာနပေါ်တွင် ကလစ်နှိပ်ပြီး ဒေါင်းယူရပါမည်
ဒေါင်းနေစဉ် အင်တာနက်လိုင်း ဖွင့်ထားရန်လိုအပ်ပါသည်
မြန်မာတစ်နိုင်ငံလုံးရှိ အခြားစာစစ်ဌာနများအား အလိုရှိပါက
ဆက်သွယ်နိုင်ပါသည် ။

အထက(ရွှေတောင်)စာစစ်ဌာနအတွက် ဒေါင်းပါ

အထက(ကျီးသဲ)စာစစ်ဌာနအတွက် ဒေါင်းပါ

အထက်ပါဖိုင်များအားဒေါင်း၍ ဖုန်းဖြင့်ဖတ်လိုလျှင် Reader.apk ဖုန်းတွင်
ရှိရန်လိုအပ်ပါသည်

စာစစ်ဌာနအောင်စာရင်းများအား ဒေါင်းမရ၍ ဖုန်းထဲတွင်လဲထည့်ထားလို
ပါလျှင် မြို့နယ်ပညာရေးမှူးရုံး သို့ဆက်သွယ်ပါ ။ထည့်သွင်းပေးပါမည်

Monday, August 31, 2015

ဘွဲ့နှင်းသဘင်းအခမ်းအနား


၂၀၁၃-၂၀၁၄ ပညာသင်နှစ်
၂၀၁၄-၂၀၁၅ ပညာသင်နှစ်
ရန်ကုန်ပညာရေးတက္ကသိုလ် မှ Ph.D , M.Ed , M.Phil , M.A(TEFL) ,
B.Ed(စာပေးစာယူ) , B.Ed (စတုတ္ထနှစ်)အမှတ်စဉ်(၁၅),B.Ed (စတုတ္ထနှစ်)၂၀၁၀အောင်,
PGDMA အမှတ်စဉ်(၁၅) , Dip(ELTM)
သင်တန်းအောင်မြင်သူများအတွက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ကျင်းပမည်ဖြစ်ပါသည်
အသေးစိတ်အစီအစဉ်အား ဤရုံးတွင်လာရောက်ကြည့်ရှုနိုင်ပါသည်။

Monday, July 20, 2015

ဘီအီးဒီသင်တန်း

(၂၁-၇-၂၀၁၅)

ပညာရေးတက္ကသိုလ်များသို့ (ဘီအီးဒီ)စာပေးစာယူ(ပထမနှစ်)နှင့်
(ဒုတိယနှစ်) သင်တန်းတက်ရောက်ခွင့်ရရှိသူများ သိရှိနိုင်ရန်-
စာစဉ်ကိစ္စများ ၊ အကြောင်းကြားစာများ စသည့်သင်တန်းကိစ္စအ၀၀ကို
ယခင်က ကာယကံရှင်များထံ စာတိုက်မှ တိုက်ရိုက်ဆက်သွယ်ခဲ့သော်လည်း
ယခုအခါ စာတိုက်မှတဆင့် ကာယကံရှင်များထံ တိုက်ရိုက်ဆက်သွယ်မည်
မဟုတ်ဘဲ မြို့နယ်ပညာရေးမှူးရုံးမှတဆင့် ဆက်သွယ်မည်ဖြစ်ပါကြောင်း----

ပန်းချီပြိုင်ပွဲ

(၂၁-၇-၂၀၁၅)

International  Echange  Exhibition  of  Children's Art
အထက်ပါ ပန်းချီပြိုင်ပွဲကို ဂျပန်နိုင်ငံမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်
ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် မိမိကျောင်း ကိုယ်စားပြု ယှဉ်ပြိုင်နိုင်ပါတယ်
သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို အောက်မှာ အသေးစိတ်ဖတ်ရူနိုင်ပါတယ်



စိုက်ပျိုးရေးဒီပလိုမာသင်တန်း

(၂၁-၇-၂၀၁၅)
ပညာရေးဌာနမှ လက်ရှိတာဝန်ထမ်းဆောင်နေသော
ပညာရေးဝန်ထမ်းများ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်ကိုက်ညီလျှင်
စိုက်ပျိုးရေးသိပ္ပံကျောင်းများမှာ ဖွင့်လှစ်မယ့် စိုက်ပျိုးရေးဒီပလိုမာကို လစာပြည့်နဲ့
တက်ရောက်နိုင်ပါကြောင်း
အောက်မှာညွှန်ကြားချက်အသေးစိတ်ဖတ်ရူနိုင်ပါသည်။